Tuesday, August 7, 2012

ကောင်းမှုလေးတခုပါ..







ဝက်ထီးကန်မြို. ကျော.သာရွာ ကျောင်းတွင်လည်း ကျောင်းသား ကျောင်းသူလေးများကို သွားရောက်လှူဒါန်းခဲ့ပါတယ်..........

ကောင်းမှုလုပ်ခြင်း ဖြစ် အသက်ဆက်ရှင်ချင်ပါတယ်....

ကျွန်တော်တို. ထူးချွန် မိသားစုက ၀က်ထီးကန် ရွှေကန်သာကျောင်း သို့သွားရောက်လှူဒါန်းခဲ့ပါတယ်....
ကျောင်းသူ ကျောင်းသားလေးများ ရဲ မျက်နှာလေးတွေကို မြင်ရတာ ကြည်.နူးဖို. ကောင်းပါတယ်...
ကလေး တိုင်းကို စာအုပ် စာရေးကရိယာ အထွေထွေကိုလည်းလှူဒါန်းခဲ.ပြီး မုန်.ဒါနလေး လည်း





လုပ်ခဲ.ပါသေးတယ်....ပျော်ရွှင်စရာတွေ အပြည့် ပါပဲ။

ကောင်းမှုတစ်ခု နေ့စဉ်ပြုပါ........

ကျွန်တော်တို.သွားရောက်လှူဒါန်းခဲ.တဲ. သံဘိုကျောင်းလေးပါ ....ကျောင်းသူ ကျောင်းသား စုစုပေါင်း (60)ကျော်ရှိပါတယ်...ကလေးတွေကို စာအုပ် ၊ဘောပင်၊ ခဲတံ ၊စာရေးကရိယာများ လှူဒါန်းခဲ.ပါသည်။





ထိုအပြင် ကလေးများ အား အအေးများလည်း ကုသိုလ်ဝင် တိုက်ကျွေးခဲ့ပါသည်။

Monday, August 6, 2012

တတိယခြေလှမ်းလေး....ပါ

မြန်မာ လူမျိုးတွေမှာ ရေအကျိုး ဆယ်ပါးကို တန်ဖိုးထားတတ်ကြပါတယ်....ကျွန်တော်တို.လည်း
ရေအကျိုး ဆယ်ပါး မတောင်းပဲရအောင်လို့ ၀က်ထီးကန်မြို.ရှိ ကျောင်း (4) ကျောင်းအား


အခန်းတစ်ခန်းလျှင် ရေအိုးတလုံး ရေခွက် သောက်ရေအိုးဖုံး အစရှိတာတွေလှူဒါန်းခဲ့ပါတယ်.....

ဒုတိယခြေလှမ်းလေးပါ......

(25.5.2012)ရက် မှာ ၀က်ထီးကန်မြို. အ.ထ.က ကျောင်းတွင် ဆင်းရဲ နွမ်းပါတဲ. ကျောင်းသူ ကျောင်းသား
စုစုပေါင်း  (25) ရောက်အားကျောင်းအပ်နှံပေးပြီး ကျောင်းပိတ်သည် အထိလိုအပ်သမျှကိုကူညီထောက်ပံ

ပေးသွားမှာဖြစ်ပါသည်။

ပထမဆုံးခြေလှမ်းလေးပါ.....

 ထူးချွန် ပညာရေးဖောင်ဒေးရှင်း မှ ပထမဆုံးခြေလှမ်းအဖြစ်....၀က်ထီးကန်မြို.နယ် ကံသာယာကျေးရွာတွင် ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ ယဉ်ကျေးမှု သင်တန်းသို. သွားရောက်ခဲ.ပြီး
ကလေးများ အား စာအုပ် ၊ ဘောပင် ၊ ခဲတံ ၊ ကျောင်းသုံးပစ္စည်းများလှူဒါန်းခဲ.ပါသည်။





(15.5.2012) ရက်

ထူးချွန်ပညာရေးဖောင်ဒေးရှင်း ပေါ်ပြူလာဂျာနယ်တွင်ဖော်ပြခံရခြင်း

ကျွန်တော်တို့ထူးချွန်ပညာရေးဖောင်ဒေးရှင်းအားဝက်ထီးကန်မှာသာတဲ့လခေါင်းစဉ်ဖြင့်ပေါ်ပြူလာဂျာနယ်တွင်ဆောင်းပါးတစ်ပုဒ်ရေးသားဖော်ပြခံခဲ့ရပါသည်။ထိုသို့ဖြော်ပြခံရသောကြောင့်ကျွန်တော်နှင့်တကွ ထူးချွန်အဖွဲ့သားအားလုံးဝမ်းသာကြည်နူးရပါသည်။ထိုသို့ဖော်ပြပေးသည့်အတွက်ကိုဖိုးတင်အောင်နှင့်ပေါ်ပြူလာဂျာနယ်ကိုထူးချွန်အဖွဲ့သားများကိုယ်စားကျေးဇူးအထူးတင်အပ်ပါသည်။

Tuesday, July 31, 2012

ထူးချွန်ပညာရေးဖောင်ဒေးရှင်း၏ဘလော့ဖြစ်ပါသည်

ထူးချွန်ပညာရေးဖောင်ဒေးရှင်းကို (2.5.2012)မှာ စတင်ဖွဲ. စည်းခဲ့တာပါ....ရည်ရွယ်ချက်ကတော.
ဆင်းရဲနွမ်းပါပြီး ကျောင်းမထားနိုင်တဲ့ ကလေးမရှိစေရေးကို အဓိက လုပ်ဆောင်မှာဖြစ်ပါတယ်။ ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းအထိပညာသင်ယူရန်ခက်ခဲတဲ.
ကျောင်းသား ကျောင်းသူလေး များအား ကျောင်းထားပေးရေး နှင့် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းများ
ဖွင်.လှစ်ဖို့ ကို ဦးစားပေးဆောင်ရွက်သွားမှာပါ။ ထိုအပြင် ထူးချွန် ထက်မြက်သောကလေးများအား
ဂုဏ်ပြုပေးမှာဖြစ်သလို၊ ခက်ခဲနေသော ကျောင်းများအားထောက်ပံပေးသွားမှာဖြစ်ပါတယ်။